
ချင်းပြည်နယ်မှ ကြိုဆိုပါ၏
ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ် ၏ နှုတ်ခွန်းဆက်စကား..
ချင်းပြည်နယ်မှ မင်္ဂလာအပေါင်းနှင့်ခညောင်းပါစေကြောင်း ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါတယ်….
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်တည်ရှိပြီး အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း၊ တောင်ဘက်တွင်ရခိုင်ပြည်နယ်၊ အနောက်တောင်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်ဘက်နှင့်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ ဝိုင်းရံလျက်ရှိသော ဧရိယာ(၁၄၉၀၇) စတုရန်းမိုင် ကျယ်ဝန်းသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ပြည်နယ်လူဦးရေ၏ ၈၀%ခန့်မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။

ထင်ရှားသည့်နေရာများ
ထင်ရှားသည့် နေရာများ
ပွဲတော်နှင့်အခမ်းအနားများ
ပွဲတော်နှင့် အခမ်းအနားများ

ချင်းအမျိုးသားနေ့အား နှစ်စဉ် ဖေဖော်ဝါရီ (၂၀)ရက်နေ့တွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးနှင့် ကမ္ဘာတစ်ဝှမ်းရှိ ချင်းလူမျိုးများရှိရာ နေရာများတွင်လည်း စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြပါသည်။ ချင်းလူမျိုးများ၏ စည်းလုံးညီညွှတ်မှုပြသခြင်း၊ ပေါင်းစည်းမှုအင်အား ပြသခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပကြပါသည်။


ချင်းရိုးရာခွါဒိုပွဲတော်အား ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မြို့နယ်တွင် အများအားဖြင့် ကျင်းပလေ့ရှိပါသည်။ တစ်နှစ်တာ တောင်ယာလုပ်ငန်းအောင်မြင်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် သီးနှံအောင်ပွဲခံ ပွဲတော်ကို ဂုဏ်ယူဝမ်းမြောက်စွာကျင်းပရန်၊ ရွာသူရွာသားများ ကျန်းမာချမ်းသာ ပျော်ရွှင်ရေးနှင့် လာမည့်နှစ် ရာသီဉတုမှန်ကန်ကောင်းမွန်ပြီး တောင်ယာသီးနှံများ အောင်မြင်ဖြစ် ထွန်းစေရန်


ခွေါင်ကြွဲ(Khuang Cawi)ဟူသော ဝေါဟာရမှာ ဟားခါးချင်းမျိုးနွယ်တို့၏ ဘာသာစကား ဖြစ်ပါသည်။ “ခွေါင်”(Khuang)၏ အဓိပ္ပာယ်မှာ တောင်ပို့ဖြစ်ပြီး “ခွေါင်”(Khuang)ကို တောင်ပို့ သဏ္ဌာန်ပြုလုပ်ရသော ဝေါစင်တစ်မျိုးဖြစ်ပါသည်။

ဆန်၊ ဆပ်ဆန်တို့၏ ဖွဲများကို စုဆောင်းကာ ပုံ၍ မြေနေရာညီညာသော တစ်နေရာတွင် ပိုက်(နပန်း) ဘွာလ် (ကွင်း)ကို သတ်မှတ်ကြပါသည်။ နပန်းတိုင် ( ကြီးကြပ်သူ) တစ်ဦးမှ ကွင်းဖွင့်သည့်အနေဖြင့်သော်လည်းကောင်း၊ နတ်ဆိုးများအား နှင်ထုတ်သည့်အနေဖြင့်သော် လည်းကောင်း သေနတ်ပစ်ဖောက်ပါသည်။


ဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပွဲတော်အနေဖြင့်လည်းကောင်း၊ လောက်နူးမြေ(ကန်ပက်လက်) ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ရန်အတွက် လည်းကောင်း၊ ခေါ်နူးစုမ်တောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တို့အတွက် ရည်ရွယ်ကာ

လုံယူးပွဲတော်ချင်းပြည်နယ်၊ မင်းတပ်မြို့ ‘မွင်း’ရိုးရာလုံယူပွဲတော်အား တောင်ယာစပါးရိတ်သိမ်းချိန် ကောက်ရိတ်သိမ်းပွဲတော်အနေဖြင့် တောင်ယာအထွက်ကောင်းသည့် ပုဂ္ဂိုလ်တစ်ဉီးတည်းမှသာ အကုန်ကျခံ ကျင်းပသည့် ပွဲဖြစ်ပြီး ရပ်နီးရပ်ဝေးမှဆွေမျိုးများအား ဖိတ်ခေါ်ကျွေးမွေးသည့် ပွဲဖြစ်ပါသည်။


နှစ်သစ်ပွဲတော်(ကုမ်သီပွဲတော်)သည် နှစ်ဟောင်းမှနှစ်သစ်ကူးသောအခါတွင် ရောဂါဘေး၊ ဆင်းရဲခြင်းကင်းဝေးစေရန်အတွက် စိတ်သစ်လူသစ်ဖြင့် မိမိတို့အိမ်တွင် နှစ်သစ်အား ကြိုဆိုသော ပွဲဖြစ်သည်။ ညသန်းခေါင်အကျော်တွင် ကျေးငှက်တိရိစ္ဆာန်များ မသောက်သုံးရသေးသော ရေကို နှစ်သစ်ရေအဖြစ် ခပ်ထားရပြီး
ရိုးရာ အစားအစာများ 

အေတွီ
ပြောင်းဖူးအခြောက်အား ထောင်း၍ သော်လည်းကောင်း၊ ပြောင်းဖူးအစိုအား ခြွေ၍ သော်လည်းကောင်း

ချင်းကော်ဖီ
ချင်းပြည်နယ်အတွင်း ကော်ဖီအား တီးတိန်မြို့၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များတွင် အများဆုံးစိုက်ပျိုးကြပါသည်။

ကြက်သားသုတ်၊ နွားနောက်သားသုတ်
ချင်းပြည်နယ်တောင်ပိုင်းရှိ လူမျိုးစုများ၏ ပွဲတော်များတွင် စားသုံးကြပီး၊ မိမိတို့ နေအိမ်တွင်လည်း ဟင်းလျာ

မဲဘု
ချင်းပြည်နယ်တောင်ပိုင်းတဝိုက်တွင် “မဲဘု”အား ပွဲလမ်းသဘင်များတွင် သာမက နေ့စဉ်နှင့်အမျှ ယနေ့တိုင် စားသုံးလေ့ရှိကြပါသည်။

ပြာဟင်း
“ပြာဟင်း”သည် ချင်းပြည်နယ် တောင်ပိုင်းဒေသတဝိုက်တွင် ရိုးရာ ဟင်းများအနက် နာမည်ကြီးလူ ကြိုက်များသည့် ဟင်းတစ်မျိုးဖြစ်ပါသည်။

ဝိုင်
ချင်းပြည်နယ်၏ အစားအသောက်များအနက် “ဝိုင်”သည်လည်း နာမည်ကြီးပါသည်။