ချင်းပြည်နယ်မှ မင်္ဂလာအပေါင်းနှင့်ခညောင်းပါစေကြောင်း ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါတယ်….
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်တည်ရှိပြီး အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း၊ တောင်ဘက်တွင်ရခိုင်ပြည်နယ်၊ အနောက်တောင်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်ဘက်နှင့်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ ဝိုင်းရံလျက်ရှိသော ဧရိယာ(၁၄၉၀၇) စတုရန်းမိုင် ကျယ်ဝန်းသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ပြည်နယ်လူဦးရေ၏ ၈၀%ခန့်မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။