ဆူရ်ဘုန် သတင်းအချက်အလက် ဖြန့်ဖြူးရေးကောင်တာ

ဆူရ်ဘုန်လေဆိပ်သည် ချင်းပြည်နယ် ဖလမ်းမြို့တွင် တည်ရှိပြီး လေဆိပ်၏ ပြေးလမ်းအရှည်သည် ပေ(၆၀၀၀)ရှိပြီး ART-72 လေယာဉ်များ ဆင်းသက်နိုင်ရန် တည်ဆောက်ခဲ့ပါသည်။ ချင်းပြည်နယ်၏ ပထမဦးဆုံး လေဆိပ်ဖြစ်သကဲ့သို့ ချင်းပြည်နယ် မြောက်ပိုင်းသို့ သွားရောက်နိုင်သည့် အဓိကဝင်ပေါက်တစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။ ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို စနစ်တကျ ဖြန့်ဖြူးနိုင်ရေးအတွက် အဆိုပါ လေဆိပ်တွင် သတင်းအချက်အလက် ဖြန့်ဖြူးရေးကောင်တာ ( Tourist Information Counter ) အား ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။